Saturday, September 27, 2014

မတူညီခြင်းများ

မတူညီခြင်းများ
ကိုယ်ဟာ တွေးတောခြင်းကို ချစ်မြတ်နိုးသူ
ချစ်သူဟာ အရာရာကိုလက်တွေ့ဆန်သူ

ကိုယ်ဟာ ရသ စာပေတွေကို ကြိုက်နှစ်သက်သူ
ချစ်သူဟာ နည်းပညာ စာပေကလွဲလို့ မဖတ်သူ

ကိုယ်က ဂီတကို ခုံမင်သူ
ချစ်သူဟာ သီချင်းတပုဒ်တောင် ဆုံးအောင်မရသူ

ကိုယ်ဟာ အရာရာကို စည်းစနစ်ကျချင်သူ
ချစ်သူဟာ သူတန်ဖိုးထားသောအရာသာ စည်းစနစ်ကျသူ

ကိုယ်ဟာ စောစောထ လုပ်စရာအလုပ်များပြီးမှ နားတတ်သူ
ချစ်သူက နောက်ကျထ အနားယူပြီးမှ အလုပ်များကို စတတ်သူ

ကိုယ်ဟာ ကော်ဖီ ချစ်သူ
ချစ်သူဟာ အချိုရည် မြတ်နိုးသူ

ကိုယ်ဟာ မိတ်ဆွေ သူငယ်ချင်းများသူ
ချစ်သူဟာ သီးသန့်ဆန်သူ

Wednesday, November 27, 2013

၂၇ ရက် နိုဝင်ဘာလ ၂၀၁၃

အမှတ်တရ ဖြစ်ချင်ခဲ့ပါတယ် သို့သော်....

Tuesday, August 13, 2013

ဒီနေ့ ကျနော့်မွေးနေ့ အတိအကျဆိုရင် (၃၁) ပြည့်မွေးနေ့..လောကကြီးမှာ ရှင်သန်နေထိုင်ခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်သွားပြီ ဆိုရမည်ပေါ့ ပြီးခဲ့တဲ့ နှစ်တွေကို ပြန်ကြည်ရင် ကျနော့် ဘဝမှာ အခက်ခဲတွေ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတယ်..ငယ်ရွယ်စဉ်မှာထဲက ခါးသီးတဲ့ အတွေ့အကြုံတွေ အရွယ်နဲ့မမျှတဲ့ ခံစားမှုတွေ ခံစားခဲ့ရဘူးတယ်. အန္တရာယ် အမျိုးမျိုးကနေလည်း လက်မတင်လေး လွတ်ခဲ့ဘူးတယ်။။ ကျနော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ကနေ အမှန်တကယ်သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်အဖြစ် ကြိုးစားရှာဖွေခဲ့တယ်.. ''ကံကံ၏ အကျိုး''ကို သက်ဝင်ယုံကြည်သူဖြစ်လို့ ဘဝမှာ ရှိတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်.. ''ဘယ်သူမပြု မိမိမှု၊'' '' မိမိပြုကံ ပဲ့တင်သံ မိမိထံပြန်လာမည်'' ဆိုတဲ့ ဆောင်ပုဒ်တွေကို လက်ကိုင်ထား ရှင်သန်ခဲ့တယ်. တကယ်တော့ကျနော်ဟာ ကံ ဥာဏ် ဝိရိယ မှာ ကံအနေနဲ့ ယှဉ်ရင် ကံကောင်းခဲ ခဲ့တယ်.. ငယ်ရွယ်စဉ်တုန်းကတော့ ငါ့ကျမှ ဖြစ်ရလေခြင်းဆိုပြီး ယူကျုံးမရတွေ ဖြစ်ခဲ့ရတယ်..အသက်၂ဝ နောက်ပိုင်းကျမှ ဒါက ငါ့အတိတ်ဘဝက ကုသိုလ်ကံပါလားဆိုပြီး ဖြေနိုင်ခဲ့တယ်.. လူတိုင်းလူတိုင်းဟာ အတိတ်ဘဝက မမြင်နိုင်ခဲ့တဲ့ ကုသိုလ်ကို ပြင်မရနိုင်ဘူး.. ခုလက်ရှိဘဝမှာသာ ကောင်းမှုကုသိုလ်တွေ ထပ်မလုပ် ဖူးဆိုရင် နောက်ဘဝမှာဆိုတာ မတွေးရဲစရာပါပဲ.. ကျနော် စိတ်ဓါတ်တွေ ကျလာတိုင်း ပြန်စဉ်းစားတဲ့ မြတ်စွာဘုရားခေတ်က ဇာတ်တော်လေးတပုဒ်ရှိတယ်..( အသေအချာ အတိအကျမဟုတ်ပေမယ့် အကြောင်းအရာကိုတော့ အမြဲမှတ်မိပါတယ်) လမ်းတခုကို လျှောက်လာတဲ့ လူနှစ်ယောက်ရှိပါတယ်. လက်ရှိဘဝမှ တယောက်က အလှူရေစက် လက်နဲ့မကွာ သီလစင်ကြယ်ပြီး ကောင်းမှုကိုယ်၌မြဲတဲ့သူ နဲ့ နောက်တယောက်ကတော့ အရက်သေစာ သောက်စားမူးရစ်ပြီးမကောင်းမှုမှန်သမျှ နဲ့ မကင်းတဲ့သူပေါ့ ဒီလိုနဲ့ လျှောက်လာနေရင်းနဲ့ ပထမဆုံး ကောင်းမှုလုပ်တဲ့သူက ခလုတ်တိုက်ချော်လဲတာ နဖူးကွဲသွားပါတယ်..မကြာခင်မှာပဲ မကောင်းမှုလုပ်တဲ့သူကလည်း ခလုတ်တိုက် လဲပါတယ်..ဒါပေမယ့် သူက ဘာဒါဏ်ရာမှ မရတဲ့ အပြင် အဲဒီခလုတ်တိုက်တဲ့ နေရာမှာပဲ ငွေထုပ်တထုပ်ကို ကောက်ရပါတယ်... အဲဒီအခါမှာပဲ ကောင်းမှုလုပ်တဲ့သူရဲ့ စိတ်ထဲမှာ ငါက သီလစင်ကြယ်စွာနေတယ် ကောင်းမှုကုသိုလ်အမြဲလုပ်နေပါရက်နဲ့ ငါ့မှာတော့ သွေးထွက် သံယိုဖြစ်ရတယ် အခြားတယောက်မှာတော့ ငွေထုပ်ကောက်ရတယ်လို့ သူ့စိတ်ထဲမှာ အဖြေမရှိနိုင်ဖြစ်နေပါတယ်.. အဲဒါကို သိတဲ့ မြတ်စွာဘုရားက ကောင်းမှုလုပ်တဲ့ သူရဲ့စိတ်ကို လှမ်းမြင်တဲ့အတွက် '' ချစ်သား သင်ဟာ အတိတ်ဘဝက မကောင်းမှု အကုသိုလ်တွေများလွန်းခဲ့တယ်.. အဲဒီအကုသိုလ်ကံတွေကို ယခုဘဝမှ လက်ခံရရှိတာပဲ ဒါပေမယ့်လက်တွေ့ဘဝမှာ သင်ဟာ သီလစင်ကြယ်ပြီး ကောင်းမှုပြုတဲ့ အတွက် အကုသိုလ်အချို့ဟာ ကင်းစင်သွားတယ်.. အကယ်၍သင်ဟာ ယခုဘဝမှာ ကောင်းမှုကုသိုလ် မရှိဘူးဆို ခုန လဲကျတဲ့ နေရာရှေ့မှာ သစ်ကိုင်းတကိုင်းဟာ သင့်ကို ပိကျပြီး သေစေမှာဖြစ်တယ်..ကောင်းမှုကုသိုလ် ကြောင့်သာလျှင် သင်ဟာ သစ်ကိုင်းကျိုးတဲ့ နေရာကို မရောက်အောင် ယခုကဲ့သို့ လဲကျခြင်းဖြစ်တယ်... အခြားတယောက်အနေနဲ့ ခုလို ငွေထုပ်ကောက်ရခြင်းဟာလည်း အတိတ်ဘဝမှာ ကောင်းမှုကုသိုလ်တွေလုပ်ခဲ့လို့ ယခုဘဝမှာ ခံစားရတယ်..ဒါပေမယ့် ယခုဘဝမှာ အကုသိုလ်တွေပဲ လုပ်မယ်ဆိုရင် နောက်ဘဝမှာ အကုသိုလ်တွေ ပါသွားမယ် '' လို့ သိစေပါတယ်..ခဏချင်းမှာပဲ သူနဲ့မလှမ်းမကမ်းမှာ ကြီးမားတဲ့ သစ်ကိုင်းကြီးတကိုင်း ကျိုးကျတာကို မြင်လိုက်ရပါတယ်...အဲဒီတော့မှ ကောင်းမှုပြုတဲ့သူလည်း အမှန်ကို နားလည် လက်ခံသွားတော့တယ်. ကျနော်လည်း ပုထုစဉ်လူသားပီပီ စိတ်ဓါတ်တွေကျတဲ့ အခါတိုင်းအဲဒီ ဇာတ်တော်လေးကို အမြဲ ဆင်ခြင်လိုက်ရင် စိတ်သက်သာရာ ရသွားတယ်.. ကျနော်အသက်ရှင်ခဲ့တဲ့ ယခုချိန်ထိ..မိဘစကားကို မိဘနောက်ကွယ်မှာ အမြဲပဲ နားထောင်ခဲ့ပါတယ်..ဘာပဲလုပ်လုပ် မိဘအတွက်ဆိုပြီး ရှေ့တန်းတင် ဆောင်ရွက်ခဲ့ပါတယ်။ ဘဝမှာ ကြုံခဲ့ရတာတွေထဲက ကံအကောင်းဆုံးကတော့ ကျနော်ကို ချစ်မြတ်နိုးလွန်းတဲ့ ဘဝလက်တွဲဖော် နဲ့ ဆုံခွင့်ရတာပါပဲ.. အဲဒီအတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ် နောက်လာမယ့် နေ့ရက်များစွာကိုလည်း တတ်နိုင်သမျှ ကောင်းမှုတွေ ပြုရင်းနဲ့ ဖြတ်ကျော်သွားနိုင်အောင် ကြိုးစားပါမည်..

Tuesday, June 22, 2010

Monday, December 28, 2009

ချက်မိသမျှ ဟင်းများ



ဆိတ်သားဆီပြန်ဟင်း



ချဉ်ပေါင်ဟင်း



ကြက်သားကြော်

Monday, November 30, 2009



photo- cloud (MMCP)


ချစ်သူ
သင်၏ပုံရိပ်မြင်နေရုံဖြင့်
ငါ၏စိတ်ဝယ်ချမ်းမြေ့ပါ၏
သင်၏ပုံရိပ်မမြင်သော်မျှ
သင်၏အသံကြားနေရုံဖြင့်
ငါ၏ နှလုံးငြိမ်းအေးပါ၏။
သင်၏အသံမကြားသော်မျှ
သင်၏အကြောင်းတွေးနေရလျှင်ပင်ဖြင့်
ငါ၏ဘ၀ ပြီးပြည့်စုံ၏......

Saturday, November 29, 2008

နှင်းရဲ့ ဘလော့်လေးကို ကြွရောက်လည်ပတ်ကြတဲ့ မောင်နှမများအားလုံးကို စိတ်ချမ်းသာကိုယ်ကျန်းမာပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်...

နှင်းဆီဖူး